ပဲခူး​ရုပ်ပုံလွှာ

ပဲခူး​ရုပ်ပုံလွှာ
" ပဲခူး​သို့​အဝင်၊​ သန်လျင်သို့​အဆိုက်၊​ ပျို့​မောင်ရင်ခြင်ပုန်း​ ကိုက်လို့​ ခြင်​ထောင်မပါ၊​ ​လေမလာ၊​ မယ်သာ ဆတ် ဆတ်၊​ တရုတ်ယပ်နှင့်​ ဖျတ်ဖျတ်လူး​အောင် မရိုက်ရပါ၊​ ​မောင်က​လေး​အောက်သို့​စုန်၊​ ​ရွှေဂုံကျွန်း​ ​ဝေး​ လွန်း​ လှ​တော် "
​ညောင်ရမ်း​ခေတ်​ပေါ် အိုင်ချင်း​တစ်ပုဒ်ထဲမှ အညာသူ မိန်း​က​လေး​တစ်​ယောက်၏ ညည်း​ညူသံဖြစ်ပါသည်။ သူ့​ချစ်သူသည် သူ့​ထက် အသက်ငယ်ပုံရသည်။ သူက သူ့​ချစ်သူကို ' ​မောင်က​လေး​ ' ဟု တယုတယ ​ခေါ် သည်။ သူ့​မောင်က​လေး​ကို မိဘများ​က ​အောက်ပြည်​အောက်ရွာသို့​ ကုန်ကူး​သွား​ခိုင်း​သည်။

​မောင်က​လေး​က မသွား​ချင်။ တီး​နေကျ​စောင်း​နှင့်​ ​လောင်း​နေကျ ကြက်က​လေး​ကို ပိုက်ပြီး​ ငိုရှာ​သေး​သည်။ သို့​သော် မသွား​၍မဖြစ်။ ​အောက်ပြည်​အောက်ရွာသို့​ ​လှေဖြင့်​ စုန်ခဲ့​ရသည်။ အညာသူက​လေး​ခမျာ သူ့​ချစ်သူ သွား​သည့်​ ​အောက်ပြည်​အောက်ရွာကို တစ်ခါမှ မ​ရောက်ဖူး​။ စိတ်ကူး​နှင့်​သာ မှန်း​ကြည့်​ရသည်။

​မောင်က​လေး​ သည် ပဲခူး​သို့​အဝင် သန်လျင် သို့​ အဆိုက်တွင် ခြင်ပုန်း​ကိုက်သည်ကို အလူး​အလဲ ခံရ ရှာ လိမ့်​ မည်။ ခြင်​ထောင်ကလည်း​ ပါမသွား​။ ​လေကလည်း​မတိုက်။ မယ်သာ ​မောင်နှင့်​အတူ ရှိ​နေလျှင် ​မောင့်​ ကို တရုတ်ယပ်က​လေး​နှင့်​ တဖျတ်ဖျတ် ခြင်ခတ်​ပေး​နိုင်လိမ့်​မည်။ ယခုမူ မယ်သည် ​မောင်နှင့်​အတူ မရှိ။ ' ​မောင်က​လေး​ ' စုန်သွား​သော ​အောက်ပြည်က ' ​ရွှေဂုံကျွန်း​ ' ဆိုသည့်​ ​နေရာကား​ ​ဝေး​လွန်း​ လှပါ က လား​ ​တော် ဟု အညာသူမ​လေး​က ညည်း​ရှာသည်။

​အောက်ပြည်​အောက်ရွာ မ​ရောက်ဖူး​သော အညာသူက​လေး​၏ စိတ်ထဲတွင် ပဲခူး​တို့​ သန်လျင်တို့​သည် တစ် ဆက်တည်း​ ဖြစ်​နေပုံရသည်။ " ​ဝေး​လိုက်တာမှ ပဲခူး​နှင့်​သန်လျင် က​နေတာပါ " ဟု ယခု​ခေတ်တွင် ပုံခိုင်း​ ​လေ့​ ရှိကြ​သော်လည်း​ အညာသမ​လေး​ စိတ်ထဲတွင် ပဲခူး​နှင့်​သန်လျင်သည် ​ဝေး​ပုံမရ။ ထို့​ကြောင့်​ ' ပဲခူး​သို့​အဝင် သန်လျင်သို့​ အဆိုက် ' ဟု တစ်ဆက်တည်း​ ​ပြောလိုက်သည်။ အထက် အညာ​ဒေသက ကြည့်​ လျှင်မူ အင်မတန်​ဝေး​လံလှ​သော ​နေရာများ​ ဖြစ်​ပေမည်ဟု ​ရော်ရမ်း​နေရှာသည်။

ကျွန်​တော်သည် အညာသူမ​လေး​က ပဲခူး​ကို ​ရော်ရမ်း​မှန်း​ဆ ကြည့်​သလို အတိတ်​ခေတ်က ပဲခူး​၏ ရုပ်ပုံ လွှာများ​သည် ကျွန်​တော့်​ စိတ်အာရုံတွင် ရိပ်ခနဲ ရိပ်ခနဲ ​ပေါ်လာပါသည်။ ပဲခူး​သည် ​အောင်​မြေဖြစ်သည်။
ဒဏ္ဍာရီအရ ပဲခူး​သည် ​ရှေး​က ကျွန်း​ငယ်က​လေး​မျှသာ။ ငယ်လွန်း​၍ မနား​လောက်​သော​ကြောင့်​ ဟင်္သာဖို ၏ ​ကျော​ပေး​မှာ ဟင်္သာမက နား​ရသည်ဟု ဆိုသည်။ ဟင်္သာဖိုနား​ရာ ကျွန်း​ဖြစ်၍ ' ဟံသာဝတီ ' ဟု ​ခေါ် သည်။ ဟံသာဝတီကို မွန်မင်း​သား​ သမလ ဝိမလ ညီ​နောင်က စတင်မင်း​ပြုသည်။

ဒဏ္ဍာရီဟုပင် ဆို​စေ၊​ ပဲခူး​ကား​ ပြည်ပကျူး​ကျော်သူကို ​အောင်မြင်လိုက်​သော ​အောင်​မြေပင်တည်း​။ ဆိုပြန်​သေး​သည်။

ပုဂံအ​နော်ရထာမင်း​ လက်ထက် ဥဿာပဲခူး​သို့​ ဂျွမ်း​စစ်သည်များ​ ကျူး​ကျော်သဖြင့်​ အ​နော်ရထာ၏ သူရဲ​ကောင်း​လေး​ယောက် ဖြစ်​သော ကျန်စစ်သား​၊​ င​ထွေး​ရူး​၊​ ငလုံး​လက်ဖယ်၊​ ​ညောင်ဦး​ဖီး​ တို့​က သွား​ရောက်နှိမ်နင်း​ ​ပေး​ရပြန်သည်။ ​အောင်မြင်သဖြင့်​ ဥဿာပဲခူး​ မင်း​က သမီး​တော် မဏိစန္ဒာကို အ​နော်ရထာမင်း​ထံ ဆက်သလိုက်သည်ဟု ဆိုပါသည်။ ပြည်ပကျူး​ကျော်ရန်ကို ​အောင်မြင်စွာ တွန်း​လှန် နိုင်သည့်​ အစဉ်အလာကို ဆက်လက်ထိန်း​သိမ်း​သော ပဲခူး​ပေတကား​။

ပဲခူး​သည် သစ္စာ​ဖောက်သူ၏ နယ်​မြေလည်း​ ဖြစ်ခဲ့​သည်။
ပုဂံ​စောလူး​မင်း​ လက်ထက်တွင် နို့​စို့​ဖက် ငရမန်ကန်း​ကို ပဲခူး​စား​အဖြစ် ခန့်​ထား​သည်။ ငရမန်က ​စောလူး​မင်း​ကို ပုန်ကန် ခြား​နား​သည်။
​စောလူး​မင်း​ကို သုတ်သင်ပစ်ရန်အထိ အ​ခြေအ​နေ ဆိုး​ခဲ့​သည်။ ကျန်စစ်သား​က အ​ခြေအ​နေကို ပြန်ထိန်း​ပြီး​ ငရမန်ကို ​ချေမှုန်း​ နိုင်ခဲ့​သော ပဲခူး​သည် သစ္စာ​ဖောက်နယ်​မြေ အဖြစ်မှ လွတ်ခဲ့​ရသည်။ ရန်​အောင်​မြေဘဝမှ သစ္စာ​ဖောက်နယ်​မြေ ဘဝသို့​ ​ပြောင်း​ရ​သော ​လောကဓံသ​ဘောပင်။
အင်း​ဝ​ခေတ်တွင် ' ပဲခူး​ ' ၏ ဂုဏ်သ​ရေကို အသက်နှင့်​လဲ၍ ကာကွယ်လိုက်​သော သူရဲ​ကောင်း​တစ်ဦး​ ​ပေါ်ထွန်း​ခဲ့​သည်။ သူကား​ မွန်သူရဲ​ကောင်း​ လဂွန်း​အိမ် တည်း​။
ထိုစဉ်က ပဲခူး​သည် မွန်မင်း​ ရာဇာဓိရာဇ်၏ မင်း​နေပြည်​တော် ဖြစ်သည်။ ရာဇာဓိရာဇ်၏ ဘုန်း​လက်ရုံး​ အရှိန်အဝါ​ကြောင့်​ ပဲခူး​ ​နေပြည်​တော်၏ အရှိအဝါလည်း​ ကြီး​မား​လှသည်။ ရာဇာဓိရာဇ်နှင့်​ အင်း​ဝမင်း​ခေါင်း​တို့​ကလည်း​ အင်း​အား​ပြိုင်ကာ စစ်ခင်း​နေကြသည်။ တစ်ခါတွင် အင်း​ဝမှူး​မတ် သုံး​ဆယ်နှင့်​ ပဲခူး​မှူး​မတ် သုံး​ဆယ်တို့​ သစ္စာပြုပြီး​နောက် ​ပြေငြိမ်း​ရန် စီစဉ်သည်။ ရာဇာဓိရာဇ်သည် ထိုအခွင့်​ အခါကို အ​ကြောင်း​ပြုပြီး​ အင်း​ဝမှူး​မတ်အား​လုံး​ကို ဖမ်း​ဆီး​ရန် တိတ်တဆိတ် စီစဉ်သည်။ သစ္စာပြုဟန်​ဆောင်ပြီး​ ဖမ်း​ဆီး​သည်။
ထိုအစီအစဉ်အရ သူ့​မှူး​မတ်များ​အား​ သစ္စာပြုမည့်​နေရာတွင် ဓား​များ​အသင့်​ မြှုပ်ထား​စေသည်။ သစ္စာပြုရန် တစ်ဘက် လူသုံး​ဆယ်စီ တွဲ​သောအခါ အင်း​ဝက ' သတိုး​ ' နှင့်​ ပဲခူး​က ' လဂွန်း​အိမ် ' တို့​က တစ်တွဲတည်း​ ကျသည်။ သူတို့​နှစ်​ယောက်က အငယ်ဆုံး​ မှူး​မတ်များ​ပင်။ ထိုစဉ် သတိုး​က သင်္ကာမကင်း​ ဖြစ်လာဟန်တူသည်။ သစ္စာမှန်ပါမည်​လောဟု လဂွန်း​အိမ်ကို​မေး​သည်။ လဂွမ်း​အိမ်ကို ချက်ချင်း​ပင် " ဟဲ့​ အရူး​၊​ စစ်ကာလမှာ သစ္စာမှန်မည်​လော၊​ သင်ဦး​လျှင် သင်က သတ်မည်၊​ ငါဦး​လျှင် ငါကသတ်မည် " ဟု အမှန်အတိုင်း​ ဖွင့်​ပြောလိုက်သည်။ သတိုး​က ထိုအ​ကြောင်း​ကို ကျန်အင်း​ဝမှူး​မတ်များ​အား​ သတင်း​ပို့​သဖြင့်​ သစ္စာပြုပွဲ ပျက်သွား​ခဲ့​သည်။ ရာဇာဓိရာဇ် ကြား​လျှင် စိတ်ဆိုး​လွန်း​သဖြင့်​ လဂွန်း​အိမ်ကို အ​ပေါင်အလက်ဖျက်ပြီး​ သတ်​စေဟု အမိန့်​ပေး​သည်။ မှူး​ကြီး​မတ်ကြီး​များ​ ဝိုင်း​တောင်း​ပန်ပြီး​ ​သေတွင်း​မှ ပြန်​ခေါ်ခဲ့​ရသည်။ အကျိုး​အ​ကြောင်း​ ​မေး​သောအခါ လဂွန်း​အိမ်က အင်း​ဝသား​များ​ကို ယခုကဲ့​သို့​ ​ကောက်ကျစ်စွာ အနိုင်ယူ ဦး​မည်ဆိုလျှင် ဘယ်လိုအမည်ဆိုး​ ထပ်တွင်ဦး​မည်ဟု မ​ပြောတတ်​အောင် ရှိခဲ့​သည်။ ထို့​ကြောင့်​ အမှန်အတိုင်း​ ဖွင့်​ပြောလိုက်သည်ဟု ရှင်း​လင်း​လျှောက်ထား​သည်။
ဤဖြစ်ရပ်ကား​ ' သူရဲ​ကောင်း​ ' ၏ အဓိပ္ပါယ် အစစ်အမှန်ကို ​ဖော်ကျူး​လျက်ရှိသည်။ ကိုယ့်​နိုင်ငံ ကိုယ့်​လူမျိုး​တို့​၏ အမည်ကို အသက်နှင့်​လဲ၍ ကာကွယ်​သော သူရဲ​ကောင်း​ပင်တကား​။
ပဲခူး​ဘုရင်မကြီး​ ရှင်​စောပု၏ သမက်​တော် ဓမ္မ​စေတီမင်း​ သီရိလင်္ကာသို့​ သံဃာ​တော်များ​ ​စေလွှတ်ခြင်း​၊​ ကလျာဏီသိမ်၊​ ကလျာဏီ​ကျောက်စာ၊​ သာသနာပွင့်​လင်း​မှု၊​ ဗုဒ္ဓ၏ အဆုံး​အမများ​ကို ထိန်း​သိမ်း​စောင့်​ရှောက်မှု၊​ မင်း​ကောင်း​မင်း​မြတ်၏ သာသနာ​ရေး​ ကြိုး​ပမ်း​ချက် ပြယုဂ်များ​ပင်။
ဘုရင့်​နောင် သို့​မဟုတ် ဟံသာဝတီ ဆင်ဖြူရှင် မင်း​တရား​ကြီး​။
ထိုမင်း​လက်ထက်တွင် ဟံသာဝတီ ပဲခူး​နေပြည်​တော်သည် မြန်မာနိုင်ငံ​တော်ကို စည်း​ရုံး​သိမ်း​သွင်း​ရာ အချက်အချာ ဗဟိုဌာနကြီး​ ဖြစ်ခဲ့​သည်။ သူ့​ယောက်ဖ​တော် တပင်​ရွှေထီး​ လက်ထက်တွင် ဟံသာဝတီကို ရခြင်း​ဖြစ်သည်။

တပင်​ရွှေထီး​ကလည်း​ နှယ်နှယ်ရရမဟုတ်။ ဟံသာဝတီကို မရမီ ရန်သူပတ်ပတ်လည် ဝိုင်း​နေစဉ်မှာပင် ​ရွှေ​မော်​ဓောဘုရား​ ရင်ပြင်​ပေါ်တက်ပြီး​ ​အေး​အေး​ဆေး​ဆေး​ နား​ထွင်း​ခဲ့​သူ ဖြစ်သည်။ သူ့​လက်ထက်တွင် ဟံသာဝတီကို အရယူခဲ့​သည်။ သူ့​နောက် ဆက်ခံ​သော ဘုရင့်​နောင် လက်ထက်တွင်ကား​ ဟံသာဝတီသည် ကြီး​ကြယ်စည်ကား​သော မင်း​နေပြည်​တော်ကြီး​ ဖြစ်လာ​ပေပြီ။ ဘုရင့်​နောင်သည် ဟံသာဝတီ ပဲခူး​ကို ဗဟိုပြု၍ ဒုတိယ မြန်မာနိုင်ငံ​တော်ကြီး​ကို ကျယ်ပြန့်​စွာ စည်း​ရုံး​ထူ​ထောင် နိုင်ခဲ့​သည်။ ပဲခူး​ကား​ နိုင်ငံ ​ခေါင်း​ဆောင်​ကောင်း​တို့​ ​ပေါ်ထွန်း​ရာ အချက်အချာ ​ပေတကား​။
- ပဲခူး​ ဦး​ဆုသာ
- ကိုလိုနီ​ခေတ်က ထင်ရှား​သော ပြဇာတ်​ရေး​ ဆရာကြီး​ ဖြစ်သည်။
ထိုစဉ်က အထက်မြန်မာနိုင်ငံ အင်္ဂလိပ်လက်​အောက်သို့​ မ​ရောက်​သေး​။ ​အောက်မြန်မာနိုင်ငံမှာမူ အင်္ဂလိပ်နိုင်ငံ ဖြစ်​နေ​ပေပြီ။ ​အောက်မြန်မာနိုင်ငံတွင် ထိုစဉ်က ပြဇာတ်စာမူများ​ ထွန်း​ကား​သည်။ ပြဇာတ်​ရေး​ဆရာ ​မြောက်မြား​စွာ ​ပေါ်ထွန်း​သည်။ ဆရာကြီး​ ဦး​ဆုသာသည် ၁၈၈၃ ခုနှစ်တွင် ​စော​ဖေ ​စော​မေ ပြဇာတ်၊​ တင်တင် နှင့်​ ခင်ခင် ပြဇာတ် တို့​ကို ​ရေး​သား​ခဲ့​သည်။ ​စော​ဖေ​စော​မေ ပြဇာတ်သည် အလွန်ထင်ရှား​ခဲ့​ကြောင်း​ သိရပါသည်။
စာ​ပေပညာရှင်များ​လည်း​ ​ပေါ်ထွန်း​သော ပဲခူး​ပေတကား​။
ဆရာကြီး​ သခင်ကိုယ်​တော်မှိုင်း​ ကမူ ပဲခူး​နှင့်​ပတ်သက်၍ မည်သို့​တွေ့​ကြံု ခံစား​ထား​ရဖူး​သည် မသိပါ။ ​အောက်ပြည် ​အောက်ရွာမှာ စီး​ပွား​ရှာရန် ဆင်း​လာ​သော အထက်အညာသူ တစ်ဦး​က ...
" ပဲခူး​ဘူတာမှာ​လေ
ငနဲသူခိုး​လူညာ​တွေ မှုန်း​လိုက်တဲ့​
​ပျောက်သဟာ တ​ကောက်ဖာကလဲ တစ်လုံး​ပါပဲ "
ဟု ညည်း​ညူရှာပုံကို အညာမင်္ဂလာ​ဆောင် ​လေး​ချိုး​ကြီး​တွင် ​ရေး​ဖွဲ့​ထား​ပါသည်။ ပဲခူး​ကျကာမှ သူခိုး​ ခိုး​ခံရသည့်​အတွက် သူသာ ကံဆိုး​ရှာသည်မဟုတ်၊​ ပဲခူး​လည်း​ ကံဆိုး​ရှာသည်။
ကျွန်​တော်သည် စိတ်အာရုံတွင် တရိပ်ရိပ်ထင်လာ​သော ပဲခူး​ရုပ်ပုံလွှာများ​ကို မြင်​ယောင်ကြည့်​ပြီး​နောက် စိတ်ထဲတွင် ကြည်နူး​သလိုလို လွမ်း​သလိုလို ဖြစ်မိပါ​တော့​သည်။

ပဲခူး​တိုင်း​၊​ ​ဒေသ​ကောလိပ်၊​
နှစ်လည်မဂ္ဂဇင်း​
(၁၉၈၀ - ၈၁)

0 responses to “ ပဲခူး​ရုပ်ပုံလွှာ ”

Leave a Reply