သံသယကို လက်ကိုင်ပြု၍

သံသယကို လက်ကိုင်ပြု၍

[၁]
စာ​ပေသု​သေတန်ပြုရာတာင် သံသယကို လက်ကိုင်ပြု၍ ခိုင်လုံ​သော အ​ထောက်အထား​များ​ကို ရ​အောင်ရှာရန် တစ်ချိန်က ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာ ပါ​မောက္ခဖြစ်ခဲ့​သော ဆရာကြီး​ဦး​မျိုး​မင်း​က ' စာ​ပေအဖွင့်​ ပုံသစ်​လောင်း​သင့်​ပြီ ' ဟူ​သော စာတမ်း​တွင် မိန့်​ဆိုခဲ့​ဖူး​ပါသည်။
စာ​ပေဆိုင်ရာ အချက်အလက်များ​ကို ပုဂ္ဂိုလ်တစ်ဦး​ဦး​က ​ရေး​သား​ထား​တိုင်း​ ' မှန်ပြီ ၊​ ခိုင်လုံပြီ ' ဟု ချက်ချင်း​ လက်မခံ​သေး​ဘဲ " ဟုတ်ရဲ့​လား​ ၊​ ဘာအ​ထောက်အထား​နဲ့​ ​ပြောတာလဲ " ဟူ​သော သံသယဖြင့်​ စူး​စမ်း​စိစစ်ကာ အ​ထောက်အထား​ ရှာ​ဖွေပြီး​ ခိုင်လုံမှ လက်ခံရန် မိန့်​ဆိုခြင်း​ဖြစ်သည်။
ကျွန်​တော်တို့​ စာ​ပေသမား​များ​ ထိုကဲ့​သို့​ စူး​စမ်း​စိစစ်မှုမျိုး​ နည်း​ပါး​ကြပုံ၊​ ​ရှေ့​ကပုဂ္ဂိုလ်တစ်ဦး​ မိန့်​ဆိုသည်ကို ​နောက်က ပုဂ္ဂိုလ်က မစိစစ်ဘဲ အလွယ်တကူ လက်ခံတတ်ပုံတို့​ကို ဆရာကြီး​က ​ထောက်ပြပြီး​ အ​ထောက်အထား​ ခိုင်ခိုင်လုံလုံ ရ​အောင် စူး​စမ်း​ဖော်ထုတ်မှသာလျှင် အချက်အလက်သစ်များ​ ​ပေါ်ထာက်လာမည်ဖြစ်​ကြောင်း​ မိန့်​ဆိုထား​ပါသည်။
ဆရာကြီး​ဦး​မျိုး​မင်း​၏ အဆိုအမိန့်​သည် စာ​ပေ​လေ့​လာသူ၊​ သု​တေသနပြုသူတို့​ တိတိကျကျ လိုက်နာကျင့်​သုံး​အပ်​သော တန်ဖိုး​ရှိလှ​သော လမ်း​ညွှန်ချက်ဖြစ်ပါသည်။ အ​ထောက်အထား​ ခိုင်လုံမှု၏ တန်ဖိုး​ကို အ​လေး​အနက် ​ဖော်ညွှန်း​သော မိန့်​ဆိုချက်လည်း​ ဖြစ်ပါသည်။
မှန်ပါသည်။ စာ​ပေပညာရှင်တို့​သည် ဆရာကြီး​ မိန့်​ဆိုသကဲ့​သို့​ပင် သံသယကို လက်ကိုင်ပြု၍ အ​ထောက်အထား​များ​ စူး​စမ်း​ဖော်ထုတ်ကြသည့်​အတွက် ​ရှေ့​ပုဂ္ဂိုလ်များ​ မ​ဖော်ထုတ်နိုင်ခဲ့​သော အချက်အလက်အသစ်များ​ ​ပေါ်ထွက်လာသည်မှာ အထင်အရှား​ပင် ဖြစ်ပါသည်။ ​ရှေ့​ပုဂ္ဂိုလ်တို့​ မ​ဖြေရှင်း​နိုင်ခဲ့​သော စာ​ပေပြဿနာများ​ ​ပြေလည် ရှင်း​လင်း​သွား​သည်မှာလည်း​ အထင်အရှား​ပင် ဖြစ်ပါသည်။

[၂]
ကုန်း​ဘောင်​ခေတ်​ပေါ် ထီး​နန်း​ဆိုင်ရာ ကျမ်း​တစ်​စောင်ဖြစ်​သော ' ​ရွှေဘုံနိဒါန်း​ကျမ်း​ ' ​ရေး​သား​သူ မည်သူနည်း​ ဟူ​သော ပြဿနာသည် တစ်ချိန်က မကွဲမပြား​ ဖြစ်​နေခဲ့​သော ပြဿနာတစ်ရပ်ဖြစ်သည်။
ထိုကျမ်း​ကို ​ဇေယျသင်္ခယာဘွဲ့​ခံ အိမ်​ရှေ့​အတွင်း​ဝင် ' အဘိုး​ ' ဆိုသူ​ရေး​သား​သည်ဟု အချို့​က ဆိုသည်။ မြဝတီမင်း​ကြီး​ ဦး​စ ​ရေး​သား​သည်ဟု အချို့​က ဆိုကြသည်။
ကုန်း​အောင်​ခေတ်၌ပင် ​ပေါ်​ပေါက်​သော ​လှေသင်း​အတွင်း​ဝန် ဦး​ချိန် ၏ ​ဝေါဟာရလီနတ္တဒီပနီနှင့်​ ​မြောင်လှမြို့​စား​ နိုင်ငံခြား​ဝန်​ထောက် ဦး​ခြိမ့်​ ၏ ကဝိလက္ခဏာ ဒီပနီ တို့​တွင် ​ဇေယျသင်္ခယာ ဘွဲ့​ခံ ' အဘိုး​ ' စီရင်သည့်​ ' ​ရွှေဘုံနိဒါန်း​စာ​စောင် ' ဟု အခိုင်အမာဆိုထား​သည့်​အတွက် ထိုအဆိုက ပို၍ ခိုင်လုံဖွယ်ရှိသည်။
သို့​သော် ကိုလိုနီ​ခေတ်တွင် ​ပေါ်​ပေါက်​သော ပညာအုပ် ဦး​လွင် ၏ ကဗျာသင်္ဂဟ ​မေဒနီကျမ်း​တွင် မြဝတီမင်း​ကြီး​ ဦး​စ၏ အတ္ထုပ္ပတ္တိကို ​ဖော်ပြရာ၌ ' ​ရွှေဘုံနိဒါန်း​ကို ​ရေး​သား​စီရင်​သော အိမ်​ရှေ့​အတွင်း​ဝင် အဘိုး​က အိမ်​ရှေ့​ဘုရား​မှာ အရည်အချင်း​ နှင့်​တကွ ​လျှောက်ထား​ဆက်သ၍ ခစား​နေသည့်​အတွင်း​ ' ဟု​ဖော်ပြထား​ရာ ' ​ရေး​သား​စီရင်​သော် ' ဟူ​သော စကား​အရ ထိုကျမ်း​ကို ​ရေး​သား​သူမှာ မြဝတီမင်း​ကြီး​ ဦး​စ ဖြစ်သည်ဟု ယူဆကြခြင်း​ဖြစ်သည်။
ဦး​ဖေ​မောင်တင်၏ မြန်မာစာ​ပေသမိုင်း​တွင်လည်း​ မြဝတီမင်း​ကြီး​ ဦး​စ အ​ကြောင်း​ဖော်ပြရာ၌ ' ထို့​နောက် ​ရွှေဘုံနိဒါန်း​ ကို ​ရေး​သား​စီစဉ်သည်တွင် အိမ်​ရှေ့​အတွင်း​ဝန် အဘိုး​က အိမ်​ရှေ့​ဘုရား​ထံမှာ အရည်အချင်း​နှင့်​တကွ ​လျှောက်ထား​ဆက်သ၍ ခစား​နေရသည် ' ဟူ၍ ကဗျာ သင်္ဂဟ ​မေဒနီ၏ အဆိုအတိုင်း​ ​ဖော်ပြထား​သည်ကို ​တွေ့​ရသည်။
မြန်မာစာ​ပေ ညွန့်​ပေါင်း​ကျမ်း​ ဒုတိယတွဲတွင်လည်း​ ထိုသို့​ပင် ​ဖော်ပြထား​သည်ကို ​တွေ့​ရသည်။ သို့​ဖြစ်လျှင် ထိုကျမ်း​များ​တွင် မြဝတီမင်း​ကြီး​ ဦး​စ ​ရေး​သည်ဟု မည်သည့်​အ​ထောက်အထား​ဖြင့်​ ဆိုပါသနည်း​။
ထိုပြဿနာကို ​ဖြေရှင်း​သူမှာ စာ​ပေပညာရှင် ​ရွှေကိုင်း​သား​ဖြစ်သည်။ ​ရွှေကိုင်း​သား​က ' မြဝတီမင်း​ကြီး​ ဦး​စ ၊​ ဘဝနဲ့​ စာ​ပေဂီတ ​လေ့​လာချက် ' ဟူ​သော စာတမ်း​တစ်​စောင် ပြုစုဖတ်ကြား​ရာတွင် ထိုပြဿနာကို ​ဖြေရှင်း​ပေး​ခြင်း​ဖြစ်သည်။
​ရွှေကိုင်း​သား​က ကဗျာသင်္ဂဟ ​မေဒနီကျမ်း​တွင် ​ရွှေဘုံနိဒါန်း​ကို ​ရေး​သား​စီရင်​သော ' အိမ်​ရှေ့​အတွင်း​ဝန် အဘိုး​ ' ဟု ​ရေး​သား​ရင်း​ဖြစ်​ကြောင်း​ ပုံနှိပ်ရာတာင် ' ​ရွှေဘုံနိဒါန်း​ကို ​ရေး​သား​စီရင်​သော် ' ဟူ၍ ' ​သော ' နှင့်​ ' ​သော် ' မှား​သွား​သည့်​အတွက် ဤသို့​ပြဿနာရှုပ်သွား​ရခြင်း​ ဖြစ်နိုင်​ကြောင်း​ စူး​စမ်း​ဖော်ထုတ်ပြထား​သည်။
ထို့​ပြင် ​ရွှေဘုံနိဒါန်း​ကျမ်း​ ပြုစုပြီး​သော ၁၁၄၅ ခုတွင် ဦး​စ သည် ၁၇ နှစ်သား​သာသာ အရွယ်မျှသာ ရှိ​သေး​သည့်​အပြင် ထီး​နန်း​နှင့်​လည်း​ မနီး​စပ်​သေး​သည့်​အတွက် ​ရွှေဘုံနိဒါန်း​ကို ပြုစုနိုင်ဖွယ်မရှိ​ကြောင်း​လည်း​ တင်ပြထား​သည်။ ​ရွှေဘုံနိဒါန်း​နှင့်​ တစ်​ခေတ်တည်း​ ​ပေါ်​ပေါက်​သော ​ခေတ်ပြိုင်ကျမ်း​ကြီး​များ​တွင် ​ရွှေဘုံနိဒါန်း​ကို အိမ်​ရှေ့​အတွင်း​ဝန် ပြုစုသည်ဟု အခိုင်အမာ ဆိုပါလျှက် ' ​သော ' နှင့်​ ' ​သော် ' အမှား​ကြောင့်​ မြဝတီမင်း​ကြီး​ ဦး​စ ပြုစုသ​ယောင် ရှုပ်​ထွေး​သွား​ရ​သော ပြဿနာကို ​ရွှေကိုင်း​သား​ က သံသယဖြင့်​ စူး​စမ်း​ကာ ​ဖြေရှင်း​ပေး​နိုင်သည့်​အတွက် ယ​နေ့​ဆိုလျှင် ထိုပြဿနာ ရှင်း​လင်း​သွား​ပါပြီ။

[၃]
အမည်တူ စာဆိုချင်း​ရော​ထွေး​သော ပြဿနာများ​တွင် ' ​ဇေယျရ န္တမိတ် ' နှစ်ဦး​ရှိသည့်​ ပြဿနာလည်း​ အပါအဝင် ဖြစ်သည်။ ​တောင်ငူ​ခေတ်တွင် ထင်ရှား​သော စာဆို မင်း​ဇေယျရ န္တမိတ် ကို အများ​သိကြသည်။ စာဆို​ကျော်ကား​ သုံး​ထောင်မှူး​၏ သား​ဖြစ်ပြီး​ ဧချင်း​၊​ ​မော်ကွန်း​၊​ ရတုများ​ ​ရေး​ဖွဲ့​ခဲ့​သူဖြစ်သည်။ သို့​သော် ​ဇေယျရ န္တမိတ် သည် သာချင်း​ ဟူ​သော ကဗျာအဖွဲ့​ မျိုး​ကိုလည်း​ ​ရေး​ဖွဲ့​ကြောင်း​ မြန်မာစာ ညွန့်​ပေါင်း​ကျမ်း​နှင့်​ မြန်မာစာ​ပေသမိုင်း​ကျမ်း​တို့​တွင် ဆိုထား​သည်။
​ဇေယျရ န္တမိတ် သည် သာချင်း​အဖွဲ့​ကို ​ရှေး​ဦး​စွာ ထွင်သူဖြစ်သည်။ ဥ​တေနသာချင်း​၊​ ပဋာစာရီသာချင်း​၊​ စိဥ္စာမာဏဝိကာ သာချင်း​ တို့​ကို ​ရေး​ဖွဲ့​ခဲ့​သည်။ ယင်း​တို့​ကို ​ထောက်၍ သာချင်း​သည် ​တောင်ငူ​ခေတ်တွင် စတင်​ပေါ်​ပေါက်ပြီး​ ရကန် နှင့်​ အဖွဲ့​ချင်း​တူ၍ ရကန် ၏ ​ရှေ့​ဆောင်​ပြေး​ဖြစ်သည် ဟူ၍ဆိုထား​သည်ကို ' မြန်မာစာ​ပေသမိုင်း​ ' တွင် ​တွေ့​ရပါသည်။
သို့​သော် သာချင်း​ရေး​ဖွဲ့​သော ​ဇေယျရ န္တမိတ် မှာ ​တောင်ငူ ​ဇေယျရ န္တမိတ် မဟုတ်ဘဲ ကုန်း​ဘောင်​ခေတ်တွင် ​ပေါ်ထွန်း​သော စာဆိုဖြစ်​ကြောင်း​၊​ အမည်မှာ ဦး​သာ​အောင် ဟု​ခေါ်​ကြောင်း​ ​နှောင်း​ခေတ် သု​သေတီများ​က ​ဖော်ထုတ်ခဲ့​ကြသည်။
ဗိုလ်မှူး​ဘ​သောင်း​ ၏ စာဆို​တော်များ​ အတ္ထုပ္ပတ္တိတွင် မင်း​ဇေယျရ န္တမိတ် နှစ်ဦး​ကို ခွဲခြား​ပြထား​ပြီး​ သာချင်း​ မှာ ကုန်း​ဘောင်​ခေတ် ဘိုး​တော်ဘုရား​လက်ထက်မှ ​ပေါ်​ပေါက်သည့်​အတွက် သာချင်း​ရေး​သူမှာ ​တောင်ငူ​ခေတ် မင်း​ဇေယျရ န္တမိတ် မဟုတ်သည်မှာ ထင်ရှား​ကြောင်း​ ​ဖော်ပြထား​သည်။ သာချင်း​များ​ထဲမှ အ​ထောက်အထား​များ​လည်း​ ပြထား​သည်။
သာချင်း​သည် ​တောင်ငူ​ခေတ်တွင် ​ပေါ်​ပေါက်​နေပြီဟူ​သော အယူအဆအမှား​ကို ကုန်း​ဘောင်​ခေတ်ကျမှ သာချင်း​ ​ပေါ်​ပေါက်​ကြောင်း​ ပြင်ဆင်နိုင်သည့်​အတွက် စာ​ပေသမိုင်း​နှင့်​ ပတ်သက်၍ အလွန်အဖိုး​တန်​သော ​ဖော်ထုတ်ချက်ဖြစ်​ကြောင်း​ ထင်ရှား​ပါသည်။

[၄]
လက်ဝဲသုန္ဒရ နှစ်ဦး​ ​ရော​ထွေး​သည့်​ ပြဿနာသည်လည်း​ ကာလအတန်ကြာ​အောင် မ​ဖြေရှင်း​နိုင်​သော ပြဿနာ တစ်ရပ်ဖြစ်သည်။ စာဆိုနှစ်ဦး​စလုံး​မှာ အ​လောင်း​မင်း​တရား​ကြီး​ ချီး​မြှောက်ခံရသူများ​ ဖြစ်သည့်​အပြင် လက်ဝဲသုန္ဒရ ဟူ​သော ဘွဲ့​ကိုလည်း​ နှစ်ဦး​စလုံး​ရသည့်​အတွက် ထိုသို့​ရော​ထွေး​ခဲ့​ရခြင်း​ဖြစ်သည်။ တစ်ဦး​မှာ ဦး​မြတ်စံ ဖြစ်၍ တစ်ဦး​မှာ ဦး​နေ (​ခေါ်) ဦး​မြတ်သာ​နေ ဖြစ်သည်။ လက်ဝဲသုန္ဒရ ဦး​မြတ်စံ မှာ ​သေနင်္ဂဗျူဟာပျို့​ ၊​ ဗျူဟစက္ကိပျို့​ ၊​ နန္ဒိ​သေနပျို့​ ဟူ​သော စစ်ပျို့​များ​နှင့်​ ' မဲဇာ​တောင်​ခြေ ' ၊​ ' ​ဝေရွှန်း​စန္ဒာ ' စ​သောရတုများ​ ​ရေး​ဖွဲ့​သူဖြစ်သည်။
ဦး​မြတ်သာ​နေမှာ အ​လောင်း​မင်း​တရား​ အ​ရေး​တော်ပုံ၊​ မြန်မာသံ​ယောဂ ဒီပနီကျမ်း​များ​၊​ ရာဇနီတိပျို့​၊​ ​မော်ကွန်း​များ​၊​ ရတုများ​ စသည်တို့​ကို ​ရေး​ဖွဲ့​သူဖြစ်သည်။
သို့​သော် ​ရှေး​ကတည်း​က စာဆိုနှစ်ဦး​ ​ရော​ထွေး​ခဲ့​ကြောင်း​ ​တွေ့​ရသည်။ သီ​ပေါမင်း​လက်ထက်တွင် ပညာရှိများ​က သတ်ပုံကျမ်း​များ​ကို စိစစ်ရာ၌ မြန်မာသံ​ယောဂဒီပနီကျမ်း​ကို ' လက်ဝဲသုန္ဒရဘွဲ့​ခံ ​မောင်မြတ်စံ ' ပြုစုသည်ဟု မှား​ယွင်း​ ​ရေး​သား​ထား​သည်ကို ​ထောက်၍ စာဆိုနှစ်ဦး​ ​ရော​ထွေး​နေ​ကြောင်း​ သိရသည်။
မြန်မာစာ​ပေသမိုင်း​ကျမ်း​တွင် စာဆိုပုဂ္ဂိုလ်နှစ်ဦး​ ဖြစ်နိုင်​ကြောင်း​ သံသယရှိသည့်​ သ​ဘောကို ​တွေ့​ရသည်။
သို့​သော် လက်ဝဲသုန္ဒရ တစ်ဦး​အဖြစ်သာ ​ရော၍ပြထား​ပါသည်။ ဗိုလ်မှူး​ဘ​သောင်း​၏ စာဆို​တော်များ​ အတ္ထုပ္ပတ္တိ (ပထမအကြိမ်ထုတ်) ၌လည်း​ လက်ဝဲသုန္ဒရ နှစ်ဦး​ကို တစ်ဦး​တည်း​အဖြစ် ​ရော​ထွေး​ပြထား​ရုံမက မြန်မာစာ​ပေကျမ်း​တွင် စာဆို ပုဂ္ဂိုလ် နှစ်ဦး​ရှိနိုင်သည့်​ သ​ဘောမျိုး​ ​ဖော်ပြသည့်​အချက်ကိုပင် ဗိုလ်မှူး​ဘ​သောင်း​ ကငြင်း​ပယ်၍ တစ်ဦး​တည်း​ပင်ဖြစ်​ကြောင်း​ သက်​သေထူခဲ့​ပါ​သေး​သည်။
​နောက်ပိုင်း​တွင် ပုဂ္ဂိုလ်နှစ်ဦး​ ခွဲခြား​ပြသသည့်​ ပညာရှင်များ​ ​ပေါ်​ပေါက်လာပါသည်။
ဦး​မြတ်စံ ကို မန်ကျည်း​တုံ လက်ဝဲသုန္ဒရ၊​ ဦး​မြတ်သာ​နေ ကို မုံ​ရွေး​ လက်ဝဲသုန္ဒရ ဟု ခွဲခြား​ပြပြီး​ တစ်ဦး​ချင်း​ရသည့်​ ဘွဲ့​အမည်များ​ကိုလည်း​ ခွဲခြား​ပြကြပါသည်။ ဦး​မြတ်သာ​နေ သည် လက်ဝဲသုန္ဒရ ဘွဲ့​သာမက လက်ဝဲ​နော်ရထာဘွဲ့​လည်း​ ရသည့်​အတွက် လက်ဝဲသုန္ဒရ နှင့်​ လက်ဝဲ​နော်ရထာ ဟု ခွဲခြား​ခေါ်​ဝေါ်ခြင်း​ဖြင့်​ စာဆိုနှစ်ဦး​ မ​ရော​ထွေး​အောင် ရှင်း​လင်း​ဖော်ထုတ် နိုင်ခဲ့​ကြပါသည်။
မြန်စာဂုဏ်​ကျော်မြင့်​၏ ' တိ​လောက ​ကျောက်စာ ' ၊​ ' တိ​လောက ​ခေါင်း​လောင်း​စာ ' ၊​ ' မုံ​ရွေး​လက်ဝဲသုန္ဒရ၏ ​ခေါင်း​လောင်း​တော်များ​ ' ဟူ​သော ​ဆောင်း​ပါး​များ​၊​ မြ​ကေတု၏ ' မင်း​လက်ဝဲ​နော်ရထာ နှင့်​ မင်း​လက်ဝဲသုန္ဒရ ' ​ဆောင်း​ပါး​၊​ ​ရွှေကိုင်း​သား​၏ ' လက်ဝဲသုန္ဒရနှင့်​ လက်ဝဲ​နော်ရထာ ' ​ဆောင်း​ပါး​တို့​တွင် ​ဆောင်း​ပါရှင်တို့​က စာဆိုနှစ်ဦး​ကို ကွဲပြား​စွာ ခွဲခြား​ ပြသခဲ့​ကြပါသည်။ ​ရှေး​ကတည်း​က ​ရော​ထွေး​လာ​သော စာ​ပေပြဿနာတစ်ရပ်သည် ပညာရှင်တို့​၏ ​ကျေး​ဇူး​ကြောင့်​ ရှင်း​လင်း​သွား​ရပါသည်။ ဗိုလ်မှူး​ဘ​သောင်း​ကလည်း​ စာဆို​တော်များ​ အတ္ထုပ္ပတ္တိကို ​နောက်ထပ်ရိုက်နှိပ်ရာ၌ မိမိ၏ ​ရော​ထွေး​မှုကို ဝန်ခံပြီး​ လက်ဝဲသုန္ဒရ နှင့်​ လက်ဝဲ​နော်ရထာ ကို သီး​ခြား​စာဆိုအဖြစ် ခွဲခြား​ပြခဲ့​ပါသည်။

[၅]
' အ​ရေး​တော်ပုံ ငါး​စောင်တွဲ ' ဟူ​သော အသုံး​အနှုန်း​ကို မြန်မာစာ​ပေ ​လေ့​လာသူများ​ ရင်း​နှီး​ပြီး​ဖြစ်သည်။ ဓညဝတီ အ​ရေး​တော်ပုံ၊​ ​ညောင်ရမ်း​မင်း​ အ​ရေး​တော်ပုံ၊​ ဟံသာဝတီ ဆင်ဖြူများ​ရှင် အ​ရေး​တော်ပုံ၊​ ​ညောင်ရမ်း​မင်း​ အ​ရေး​တော်ပုံ၊​ အ​လောင်း​ဘုရား​ အ​ရေး​တော်ပုံ ဟူ​သော အ​ရေး​တော်ပုံ ငါး​စောင်ကို ၁၂၈၅ ခုနှစ်တွင် သုဓမ္မဝတီ ပုံနှိပ်တိုက်က ' အ​ရေး​တော်ပုံ ငါး​စောင်တွဲ ' အမည်ဖြင့်​ ထုတ်​ဝေခဲ့​သည့်​အတွက် ထိုအမည်တွင်ရခြင်း​ ဖြစ်သည်။
တစ်ဖန် မြန်မာစာပါ​မောက္ခ ဆရာဦး​မောင်​မောင်ကြီး​က အ​လောင်း​မင်း​တရား​ကြီး​ အ​ရေး​တော်ပုံ တစ်​စောင် ရှိ​သေး​ကြောင်း​ ​ဖော်ညွှန်း​ကာ ' အ​ရေး​တော်ပုံ ​ခြောက်​စောင် ' ဟူ၍ ​ဆောင်း​ပါး​ရေး​ကာ တင်ပြဖူး​သည်။
တစ်ဖန် မူလ အ​ရေး​တော်ပုံ ငါး​စောင်တွဲတွင် ပါဝင်​သော ' ရတနာပူရ အင်း​ဝမင်း​ တို့​၏ အစဉ်ကို ပြပြီး​၍ ' အစချီ အ​လောင်း​မင်း​တရား​ အ​ရေး​တော်ပုံ နှင့်​ ဆရာဦး​မောင်​မောင်ကြီး​ ​ဖော်ညွှန်း​သော ' ​အောင်သူတကာတို့​၏ အထွတ် ' အစချီ အ​လောင်း​မင်း​တရား​ အ​ရေး​တော်ပုံ တို့​ကို ဆရာဦး​လှတင် (လှသမိန်) တည်း​ဖြတ်၍ ' အ​လောင်း​မင်း​တရား​ အ​ရေး​တော်ပုံ နှစ်​စောင်တွဲ ' ဟူ၍ အမည်တပ်ပြီး​ ထုတ်​ဝေခဲ့​သည်။
မြန်မာနိုင်ငံ သမိုင်း​ကော်မရှင် ကျမ်း​ပြုအရာရှိ ​ဒေါက်တာ ​ဒေါ်ရီရီ က ' အ​ရေး​တော်ပုံကျမ်း​များ​ ပြဿနာ ' ဟူ​သော စာတမ်း​တွင် အ​ရေး​တော်ပုံကျမ်း​ အစစ်အမှန် မည်မျှရှိ​ကြောင်း​ စိစစ်ပြခဲ့​သည်။ ​ဒေါက်တာ ​ဒေါ်ရီရီ က ' ဘဂျာဝါဒိ ဂုဏကရ ' အစချီ​သော အ​လောင်း​မင်း​တရား​ကြီး​ အ​ရေး​တော်ပုံတစ်​စောင် သီး​ခြား​ရှိ​သေး​ကြောင်း​၊​ လက်ဝဲအ​နော်ရထာ ​ရေး​သည်ဟု အ​ထောက်အထား​ ခိုင်မာပါ​ကြောင်း​ မိန့်​ဆိုသည်။ ထို့​ပြင် ' မဇ္ဈိမ​ဒေ အ​ရေး​တော်ပုံ ' နှင့်​ ' မဂဒူ အ​ရေး​တော်ပုံ ' တို့​လည်း​ ရှိ​သေး​ကြောင်း​ ​ဖော်ပြသည်။
အ​ရေး​တော်ပုံကျမ်း​အချို့​တာင် ကျမ်း​ပြုသူကို ​ဖော်ပြရာ၌ အဆိုအမိန့်​များ​ ကွဲပြား​နေပါသည်။ ထို့​ကြောင့်​ မည်သူပြုစု​ကြောင်း​ အခိုင်အမာ ဆုံး​ဖြတ်ရန် အခက်အခဲရှိ​ကြောင်း​ ​တွေ့​ရပါသည်။ ​ဒေါက်တာ ​ဒေါ်ရီရီ က ' အ​ရေး​တော်ပုံ ' အမည်တပ်ထား​သော ထိုကျမ်း​များ​ကို စိစစ်ပြီး​နောက် ​အောက်ပါအတိုင်း​ ထင်မြင်ချက် ​ပေး​ထား​ပါသည်။
- ဓညဝတီ အ​ရေး​တော်ပုံသည် ၁၁၄၉ ခု ကုန်​လောက်တွင် ကဝိသာရာဘိ သီရိပဝရအဂ္ဂမဟာ ဓမ္မရာဇာဓိရာဇဂုရု တံဆိပ်​တော်ရ ဆရာ​တော်ပြုစုသည့်​ အ​ရေး​တော်ပုံဖြစ်၍ ကျမ်း​အပြည့်​အစုံရှိသည်။
- ရာဇာဓိရာဇ် အ​ရေး​တော်ပုံကျမ်း​ကို ဗညား​ဒလအမတ်ကြီး​ ​ရေး​တန်ရာသည်။ ကျမ်း​အပြည့်​အစုံရှိ၍ အ​ရေး​တော်ပုံ စစ်မှန်သည်။
- ' မဂဒူ အ​ရေး​တော်ပုံ ' အမည်ခံကျမ်း​မှာ ရာဇာဓိရာဇ် အ​ရေး​တော်ပုံမှ တစ်စိတ်တစ်​ဒေသ ဖြစ်သည်။
- အ​လောင်း​မင်း​တရား​ကြီး​ အ​ရေး​တော်ပုံ ' ဘဂျာဝါဒိ ဂုဏကရံ ' အစချီမှုကို လက်ဝဲ​နော်ရထာ ​ရေး​သည်။ ကျမ်း​ ကျိုး​ပေါက် ​နေသည်။ ပုံမနှိပ်ရ​သေး​။
- ' အ​လောင်း​ဘုရား​ အ​ရေး​တော်ပုံ ' အမည်ခံ ' ရတနာပူရ အင်း​ဝမင်း​တို့​ ' အစချီ​သော စာမှာ အ​ရေး​တော်ပုံမဟုတ်။ တွင်း​သင်း​ မင်း​ကြီး​ရေး​ မဟာရာဇဝင်သစ်၏ တစ်စိတ်တစ်​ဒေသ ဖြစ်တန်ရာသည်။
- ' အ​လောင်း​မင်း​တရား​ကြီး​ အ​ရေး​တော်ပုံ ' ' ​အောင်သူတကာတို့​၏ အထွတ် ' တို့​ကို တွင်း​သင်း​မင်း​ကြီး​ ​ရေး​တန်ရာသည်။ ကျမ်း​ ပြည့်​စုံသည်ဟု ယူဆရသည်။
- ' ဟံသာဝတီဆင်ဖြူများ​ရှင် အ​ရေး​တော်ပုံ ' ကို တွင်း​သင်း​တိုက်ဝန် မဟာစည်သူ ​ရေး​တန်ရာသည်။ ကျမ်း​အပြည့်​အစုံ ပုံမနှိပ် ရ​သေး​။
- ' ​ညောင်ရမ်း​မင်း​တရား​ကြီး​ အ​ရေး​တော်ပုံ ' အမည်တွင်သည့်​ စာမှာ အ​ရေး​တော်ပုံမဟုတ်။ ဦး​ကုလား​ မဟာရာဇဝင်ကြီး​ တစ်စိတ်တစ်​ဒေသ နှင့်​ ' မင်း​ရဲဒိဗ္ဗဧချင်း​ ' မှ ​ကောက်နုတ်ချက်များ​ စု​ပေါင်း​ထား​ချက်သာ ဖြစ်သည်။
- ' မဇ္ဈိမ အ​ရေး​တော်ပုံ ' အမည်ရှိကျမ်း​မှာ ၁၁၈၅ ခုတွင် ဧရာဝတီမြို့​ဝန် ​နေမျိုး​ဇေယျ​ကျော်ထင် ပြုစု​သော ကျမ်း​ဖြစ်သည်။ အပြည့်​အစုံဖြစ်၏။ ပုံမနှိပ်ရ​သေး​။ အ​ရေး​တော်ပုံ မဟုတ်။ စာတမ်း​ဖြစ်သည်။
​ဒေါက်တာ ​ဒေါ်ရီရီက အ​သေး​စိတ်စိစစ်ပြီး​ တစ်​စောင်ချင်း​ ထင်မြင်ချက်​ပေး​ကာ အ​ရေး​တော်ပုံ ကျမ်း​အစစ်အမှန်မှာ ငါး​စောင်သာရှိ​ကြောင်း​၊​ ဓညဝတီ၊​ ရာဇာဓိရာဇ်၊​ ဟံသာဝတီဆင်ဖြူများ​ရှင်နှင့်​ အ​လောင်း​မင်း​တရား​ကြီး​ အ​ရေး​တော်ပုံ နှစ်​စောင် တို့​ဖြစ်​ကြောင်း​ အဆုံး​အဖြတ် ​ပေး​ထား​ပါသည်။
မြန်မာစာ​ပေ​လေ့​လာသူများ​၊​ မြန်မာ့​သမိုင်း​ ​လေ့​လာသူများ​အတွက် အလွန်တန်ဖိုး​ရှိ​သော ​ဖော်ထုတ်ချက်ဖြစ်ပါသည်။ အ​ရေး​တော်ပုံ အမည်တပ်ထား​သော်လည်း​ အမှန်တကယ် အ​ရေး​တော်ပုံမဟုတ်​သော ကျမ်း​များ​လည်း​ ပါဝင်​နေ​ကြောင်း​ ကွဲပြား​စွာ သိရပါသည်။

[၆]
ပညာရှင်များ​က သံသယကို လက်ကိုင်ပြုကာ ခိုင်လုံ​သော အ​ထောက်အထား​များ​ ​ဖော်ထုတ်ခြင်း​ဖြင့်​ စာ​ပေပြဿာနာ များ​ကို ရှင်း​လင်း​နိုင်ခဲ့​ကြောင်း​၊​ အထက်ပါ သာဓကများ​အရ ထင်ရှား​လောက်ပါပြီ။
မရှင်း​လင်း​သေး​သော စာ​ပေပြဿနာများ​ကိုလည်း​ ဤပုံဤနည်း​အတိုင်း​ ဆက်လက် ရှင်း​လင်း​ကြရမည်သာ။

စာ​ပေဂျာနယ်၊​
အတွဲ ၂ ၊​ အမှတ် ၅ ၊​
ဇန်နဝါရီ ၊​ ၁၉၉၅၊​

0 responses to “ သံသယကို လက်ကိုင်ပြု၍ ”

Leave a Reply